HappyAnniversary

Happy 3rd Anniversary ပါ အချစ်ဆုံးလေ ရေ..
ကိုကိုတို့ လက်တွေ ခိုင်ခိုင် မြဲ
လာကြတာ အခုဆို ၃နှစ်တောင် ရှိခဲ့ပြီ
ဒီလိုပဲ တစ်ယောက်ပေါ် တစ်ယောက်
နားလည်မူတွေ၊
နွေးထွေးကြင်နာမူတွေ နဲ့
တစ်ယောက်ပေါ် တစ်ယောက်
သစ္စာတည်ရင်း ကိုကိုတို့ နှစ်ယောက်
အဆင်ပြေ သင့်တော်တဲ့
တစ်နေ့ကျရင် လက်ထပ်ကြပြီး
ပျော်ရွင်ဖွယ် နွေးထွေးတဲ့
မိသားစုလေး တစ်ခု အတူ ဖန်တီး
ကြမယ် နှင်းလေး ရေ..
~ ပြောရင်းနဲ့ အရမ်းတွေ ကြည်နူးဖို့
ကောင်းနေပါပြီ ဟီး ဟီး ~


ဘာပဲ ဖြစ်ဖြစ်ပါ
အခက်ခဲရှိလည်း အတူတူ
အဆင်မပြေ တာကြုံလည်း အတူတူ
ကိုကို့ နဲ့ နှင်းလေး ဆိုတာ
တစ်ယောက် အတွက်
တစ်ယောက် ရှိနေ ရမယ် နော် ၊
တစ်ဦးပေါ် တစ်ဦး စိတ်ဆိုး
စိတ်ကောက် ကြလည်း
ခဏပဲ နေနိုင်ကြတာဆိုတော့
ရန်ဖြစ်လိုက် ပိုချစ်လိုက်ပေါ့ ကွာ ။
ဟုတ်တယ်မလား ၊ မွ


ခု anni မှ စလို့
ဖိုးဖိုးဖွားဖွား ဖြစ်တဲ့ ချိန်ထိ
ကိုကိုတို့ လက်တွေ
ခိုင်ခိုင်မြဲ ရမယ်နော်
အရမ်းအရမ်း ချစ်တယ်
အားကြီးများကြီး ချစ်တယ် ဗျိူ့😍
အာဘွား အာဘွား အာဘွား မွမွမွမွမွ
မွချိမွချိမွချိ မွစ်မွစ်မွစ်မွစ်

HL’s KK